မြောက်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုကိစ္စနှင့်ပတ်သက်၍ အရေးပေါ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုကိစ္စနှင့်ပတ်သက်၍ အရေးပေါ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ မေ  ၁၈

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုကိစ္စနှင့်ပတ်သက်၍  အရေး ပေါ်လုပ်ငန်း အစည်းအဝေးကို  ယမန်နေ့က  ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံး အစည်း အဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး   ဦးကောင်းမြတ်နိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိဌာန ရုံးအဆောက်အဦးများပျက်စီး ဆုံးရှုံးစာရင်းများ ပြုစု၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သို့ အမြန်ဆုံး ပေးပို့ကြ ရန်၊ ရုံးဌာနအလိုက် နိုင်ငံတော်အလံတိုင်များ ပျက်စီးသွားပါက အမြန်ဆုံး ဆောင်ရွက်ကြရန်၊ မြို့နယ် အတွင်းရှိ စာသင်ကျောင်းများ နှင့် ဆေးပေးခန်းများ၊ ဆေးရုံးများ ထိခိုက်ပျက်စီးမှုစာရင်း ပြုစု၍ ပေးပို့ကြရန်၊ ခုချိန်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ဖွဲ့စည်း ထားသော ကော်မတီအလိုက် ပေးအပ်သော တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန် စသော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ  ဥက္ကဌ ခရိုင်အုပ် ချုပ်ရေးမှူး ဦးကောင်းမြတ်နိုင် ၊ ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ ကြပြီး ဖွဲ့စည်းထားသော ဆပ်ကော်မတီအလိုက် လိုအပ် သည်များကို ရှင်းလင်းပြောကြားရာ ခရိုင်သ ဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး မှ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှုကိစ္စနှင့်ပတ်သက်၍  အရေးပေါ်လုပ်ငန်း အစည်းအဝေးအပေါ် ပေါင်းစပ်ညှိ နှိုင်းခဲ့ ကြောင်း သိရ သည်။


 မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)