MNP ၊ မေ ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များသည် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း သွားလာနေသည့် မော်တော်ယာဥ်များ၊ မော်တော်ဆိုင်ကယ်များ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန်အတွက် ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီက တောင်တွင်းကြီးမြို့သစ်ကားလမ်း၊ နေပြည်တော်-မြို့သစ်-ကံပြားမကွေး ကားလမ်းဆုံတွင် ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်နေသော မော်တော်ယာဉ်များကို ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ နှစ်ဦးထက်ပိုမစီးရန်၊ လက်ယာဘက် ကပ်စီးရန်၊ အလယ်မျဉ်းဘေးမှ မစီးရန်၊ ဘေးချဉ်းယှဉ်မစီးရန်၊ အရှိန်ပြင်းစွာ မမောင်းရန်၊ လက်ယာဘက်ယာဥ်ကြောမှ မောင်းရန်နှင့် လမ်းညွှန်း၊ လမ်းအမှတ်အသား၊ အချက်ပြ၊ ယာဥ်ထိန်းရဲ၏ ညွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ကြရန် ပညာပေးပြောကြားကာ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း
https://t.me/MyanmarNationalPost


No comments:
Post a Comment