MNP ၊ မေ ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများသို့ စေတနာရှင်များက အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများအား နေ့စဉ်လာရောက်လှူဒါန်းလျက်ရှိသည်။
အဆိုပါ လေဘေးသင့်ကျေးရွာများအား ယမန်နေ့ညနေပိုင်းတွင် လယ်ဝေးမြို့ သစ်တောကျေးရွာ အရှိုချင်း နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အလှူငွေကျပ် ၂၅ သိန်းကို တာဝန်ရှိသူများက လာရောက်လှူဒါန်းခဲ့သည်။ လေဘေးသင့်ခဲ့သည့် အောင်မြင်ကုန်းကျေးရွာအတွက် ငွေကျပ် ၁၅ သိန်း၊ တံတားဦးကျေးရွာအတွက် ၁၀ သိန်း လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အစားအသောက်၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ဆက်လက်ပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ဝေကြည်
https://t.me/MyanmarNationalPost


No comments:
Post a Comment