ပြင်ဦးလွင်မြို့တွင်အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်သင်ကြားပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့တွင်အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်သင်ကြားပို့ချ





MNP ၊ မေ  ၁၈

မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို (၁၅-၅- ၂၀၂၃) ရက်နေ့မှ(၁၈-၅-၂၀၂၃) ရက်နေ့အထိ နံနက် (၉) နာရီမှ စတင်ပြီး  ပြင်ဦးလွင်မြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းရှိ သဇင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ  တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


အဆိုပါသင်တန်းတွင်  နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပြင်ဦးလွင်ခရိုင်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဉက္ကဋ္ဌ ဒေါ်ထားထားဝင်းက အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းတွင်  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားခဲ့၍ သင်တန်းပို့ချမည့် ဆရာမများမှ တစ်ဉီးချင်းအလိုက် မိတ်ဆက်စကားပြောကြားခဲ့သည်။


သင်တန်းတွင် တာဝန်ရှိသူများမှ သင်တန်းဆိုင်ရာအထောက်အကူပြုပစ္စည်းများအား ပေးအပ်ခဲ့ရာသင်တန်းသားများမှ လက်ခံရယူခဲ့ကြ၍   Masks များနှင့် အအေးဗူးများ ဝေငှပေးခဲ့ကြပြီး သင်တန်းနည်းပြဆရာများမှ သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်တန်သား (၈၁)  ဦးတို့အား  စနစ်တကျသင်ကြားပေးခဲ့ပါကြောင်း တာဝန်ရှိသူ တစ်ဉီး၏ ပြောကြားချက်အရ သိရသည်။


 https://t.me/MyanmarNationalPost














No comments:

Post a Comment