ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြည်မြို့နယ်၏၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှမတ်လထိ) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြည်မြို့နယ်၏၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှမတ်လထိ) ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်







MNP ၊  မေ ၁၆

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ (၂၀၂၃-၂၀၂၄)ဘဏ္ဍာ‌ရေးနှစ်(ဧပြီလမှ မတ်လထိ) ဒေသန္တရ ရည်မှန်းချက်များနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ကျင်းပရာ  ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။


အခမ်းအနားတွင် ရှေးဦးစွာပြည်မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးက စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပြည်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်မြင့်မြင့်ထွေးက ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြ သည်။ 


ထို့နောက် ပြည်မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ  ဦးနိုင်လင်းဦးက  (၂၀၂၃-၂၀၂၄) ဘဏ္ဍာ‌ရေးနှစ်(ဧပြီလမှ မတ်လထိ)မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ တာဝန်ပေးအပ် ပြီး လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


ကိုစိုး(ပြည်)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)