ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာအုပ်စုမှ နာမကျန်းဖြစ်နေသည့် နွားများအား ကုသဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် ပန်းထိမ်းကျေးရွာအုပ်စုမှ နာမကျန်းဖြစ်နေသည့် နွားများအား ကုသဆေးထိုးနှံပေး





MNP ၊ မေ  ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မေလ ၁၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပန်းထိမ်းကျေးရွာအုပ်စု သီပေါ်ရွာသစ်ကြီးကျေးရွာအတွင်းသို့ တောင်ကျချောင်းရေများ ၃ ပေခန့် ဝင်ရောက်ခဲ့ရာ အဆိုပါရေဝင်ရောက်မှုကြောင့် ဒေသခံတောင်သူများ၏ နွားများ နာမကျန်းမှုများရှိခဲ့သည့်အတွက် ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းကုသဆောင်ရွက်ရာတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများဦးဆောင်ပြီး ကျန်းမာရေး လုပ်သားများပူးပေါင်းကာ မိုးသည်း ထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပန်းထိမ်းကျေးရွာအုပ်စု ဗိုလ်ကုန်းကျေးရွာ၊ သီပေါ်ကျေးရွာနှင့် ရွာသစ်ကြီးကျေးရွာ အတွင်းမှ တောင်သူများမွေးမြူထားသော အအေးမိ၍ နာမကျန်းဖြစ်နေသည့် နွား ၁၁  ကောင်အား အဖျားပျောက်ဆေး၊ ပိုးသတ်ဆေး၊ အားဆေး အကြောဆေးများ ထိုးနှံပေးခဲ့ကြောင်းနှင့် အဆိုပါရေကြီးရေလျှံမှုကြောင့် နွားပေါက်စကလေးများ အနည်းငယ်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။


မယု

 https://t.me/MyanmarNationalPost














No comments:

Post a Comment