သီပေါမြို့နယ်အတွင်းရှိ မြို့လယ်‌ချောင်းနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်အတွင်းရှိ မြို့လယ်‌ချောင်းနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်





MNP ၊ မေ  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့လယ်ချောင်း၊ မြို့မဈေးအနီးရေမြောင်းနှင့် မြန်မာရပ်ကွက်ရှိ ရေမြောင်းများ ရေးစီးရေလာကောင်းမွန်စေရေးနှင့် အမှိုက်များပိတ်ဆို့မှုမရှိစေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက် (၈) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ဖေနှင့် ဝန်ထမ်းများက မြို့လယ်ချောင်း၊ မြို့မဈေးအနီးရေမြောင်းနှင့် မြန်မာရပ်ကွက်ရှိ ရေမြောင်းများရေစီးရေလာကောင်းမွန်ပြီး ရေကြီးရေလျှံမှုမရှိစေရေးတို့အတွက် ခြုံနွယ်ပိတ်ပေါင်းမြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခဲ့ပြီး ရေချောင်းအတွင်း ပိတ်ဆို့နေသည့် သဲ၊ နှုံး၊ ကျောက်များနှင့် အမှိုက်များအား စုပေါင်းရှင်းလင်းခဲ့ကြကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost






 








No comments:

Post a Comment