မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ် ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ညောင်ငုမ်ပင်လဲကျ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ် ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမပေါ်သို့ ညောင်ငုမ်ပင်လဲကျ




MNP ၊ မေ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ယမန်နေ့ ညနေ (၃) နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ခင်ကြီးကျေးရွာအုပ်စု၊ ခင်ကြီးကျေးရွာအနီး ရန်ကုန်-မန္တလေးဟောင်း မိုင်တိုင်အမှတ် (၁၀၄/၄)နှင့် မိုင်တိုင်အမှတ် (၁၀၄/၅) ကြား ကားလမ်းမပေါ်သို့ ညောင်ငုမ်ပင်လဲကျခဲ့ကြောင်း သိရသည်။


အဆိုပါနေရာသို့ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့နှင့် ပဲနွယ်ကုန်းမြို့ရဲတပ်ဖွဲ့မှ ရဲအုပ်နှင့် တပ်ဖွဲ့ဝင်များ၊ ကျောက်တံခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းလတ်နှင့် တပ်ဖွဲ့ဝင်များ၊ ပဲနွယ်ကုန်းမြို့မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ ညနေ ၄ နာရီခွဲအချိန်တွင် ပြီးစီးခဲ့ကြောင်းနှင့် သစ်ပင်လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)