လူရည်ချွန် မောင်မယ်တွေ့ဆုံပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲ ဗန်းမော်၌ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူရည်ချွန် မောင်မယ်တွေ့ဆုံပွဲနှင့် အတွေ့အကြုံရှင်းလင်းပွဲ ဗန်းမော်၌ ပြုလုပ်






MNP ၊ မေ ၁၆

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဗန်းမော်ခရိုင် လူရည်ချွန် မောင်မယ်တွေ့ဆုံပွဲနှင့်အတွေ့အကြုံရှင်းလင်းပွဲကို မေ ၁၆ ရက် နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးထွန်းအေးကျော်က လူရည်ချွန်ရွေးချယ်ရေးနှင့်ပတ်သက် သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ထွန်း တိုးက ဂုဏ်ပြုစကားပြောကြားခဲ့သည်။

 ယင်းနောက် ချယ်ရီတန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-11 လူရည်ချွန် မောင်ကောင်းဆက်သာက လူရည်ချွန်အတွေ့အကြုံကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြော ကြားခဲ့ပြီး ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အလှူရှင်များက ဂုဏ်ပြုဆုငွေများကို ပေးအပ် ချီးမြှင့်ရာ လူရည်ချွန်မောင်မယ်များက လက်ခံရယူခဲ့ကာ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းမှ Grade-10 လူရည်ချွန်မယ် မဒွဲအိမ်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)