ပေါက်ခေါင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည်များကို တာဝန်ရှိသူများက လှည့်လည်စစ်ဆေး၍ ပူးပေါင်းအဖွဲ့များကဖယ်ရှားရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည်များကို တာဝန်ရှိသူများက လှည့်လည်စစ်ဆေး၍ ပူးပေါင်းအဖွဲ့များကဖယ်ရှားရှင်းလင်း







MNP ၊  မေ  ၁၆

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်း မေလ ၁၄ ရက်နေ့က လေပြင်းများတိုက်ခတ်မှုကြောင့် ရပ်ကွက်၊ကျေးရွာများအတွင်း သစ်ပင်များလဲကျခြင်း၊စာသင်ကျောင်းနှင့်လူနေအိမ်များအမိုးလန်ပြိုလဲခြင်းများဖြစ်ပွါးခဲ့ရာ တာဝန်ရှိသူများနှင့်ပူးပေါင်းအဖွဲ့များက ယမန်နေ့ကလှည့်လည်ကြည့်ရှုစစ်ဆေးပြီး  ပူးပေါင်းအဖွဲ့များက အပျက်အစီးများကိုရှင်းလင်းဖယ်ရှားခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဖြိုးသူမောင်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေး၊ကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များပူးပေါင်းအဖွဲ့များက  လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပြီး မျက်နှာကျက်ပြိုကျပျက်စီးခဲ့သည့် တာကောက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်ကာ အပျက်အစီးများအားဘေးလွတ်ရာသို့ဖယ်ရှားရှင်းလင်းပေးခြင်း၊ရပ်ကွက်ကျေးရွာအတွင်းရှိ အမိုးလန်နေအိမ်များမှပြန်လည်ပြုပြင်ရာတွင်ကူညီဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)