မိုင်းရှူးမြို့၌ အပူဒဏ် အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့၌ အပူဒဏ် အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်




MNP ၊ မေ  ၁၆

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆောင်ရွက်ခဲ့သည်။


ထို့သို့ ဆောင်ရွက်ရာတွင် မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မန်ဆန်းလွန်နှင့် စာကြည့်တိုက် လက်ထောက်−(၃) ဒေါ်ဥမ္မာထွေးတို့က သတိပြုရမည့် အပူဒဏ်အန္တရာယ်များမှ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း၊ အပူဒဏ်အန္တရာယ် ကျရောက်သည့်လူနာကို အရေးပေါ်ရှေးဦးပြုစုခြင်း၊ ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်မှ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများနှင့် အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များ အကြောင်းတို့ကို အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။


သန်းလူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)