ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ





MNP ၊ မေ  ၁၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဖွင့်ပွဲအခမ်းအနား ကိုယနေ့နံနက်ပိုင်းက   ပန်းကုန်းမွန်ကျေးရွာ သာယာကုန်းတိုက်ကျောင်း၌စတင်ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းစံကယခုလို့သင်တန်းဖွင့်လှစ်ရခြင်းဖြင့်  ကျေးရွာသူ/သားများအနေဖြင့်အလုပ်အကိုင်အခွင့် အလမ်းများရရှိခြင်းအပြင်အဆင့်မြင့်ပညာများလည်းသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ မိန်းကလေးတွေအနေဖြင့် မိမိအိမ်မှာနေပြီး အပြင်မထွက်ရဘဲ အိန္ဒြေ ရရစီးပွားရှာနိုင်ပါကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှုး ဦးကျော်ကျော်လတ်က နိုင်ငံတော်မှထောက်ပံ့မှုဖြင့် ယခုသင်တန်းဖွင့်လှစ်ရခြင်း‌ဖြစ်ကြောင်း မိမိ၏ငွေမကုန်ဘဲ သင်တန်းတက်ရောက်ရာတွင် ‌သင်တန်းသူများအနေဖြင့်လေးလေးစားစားဖြင့် သင်တန်းပြီးစီးသည်အထိတက်ရောက်ကြဖို့လိုအပ်ပါကြောင်းအမှာစကားပြောကြားသည်။


အဆိုပါသင်တန်းကို သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးနက်ရေးဦးစီးဌာနမှူး၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် စိတ်ပါဝင်စား

သည့်သင်တန်းသူများ တက်ရောက်ကြပြီ သင်တန်းကာလမှာ တစ်လ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)