ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အပြန်အလှန်ကူညီဖေးမပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အပြန်အလှန်ကူညီဖေးမပေးလျက်ရှိ



MNP ၊ မေ ၁၆ 

 “မိုခါ” (MOCHA) ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ သဘာဝဘေးသင့်ပြည်သူများ အခက်အခဲများကျော်လွှားနိုင်ရန် POWERCHINA RESOURCES LIMITED က  မြန်မာနိုင်ငံသို့ အလှူငွေ ကျပ် သိန်း ၅၀၀ နှင့် ဆန်၊ စားသုံးဆီ စသည့်ပစ္စည်းများ လှူဒါန်းခဲ့ပြီး မေလ ၁၆ ရက်၌ ကူညီပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်ခဲ့ပြီး ယခုအကြိမ် မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံမှ ထပ်တူထပ်မျှခံစားမိပါကြောင်း၊ မေ ၁၅ ရက်တွင် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ၏ ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၏ လက်တွေ့လိုအပ်ချက်အရ တတ်စွမ်းသမျှ အရေးပေါ် ဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ကူညီမှုများပေးအပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ 

လက်ရှိတွင် မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများသည် စတင်လှုပ်ရှားလာကြပြီး မြန်မာနိုင်ငံသို့ ထောက်ပံ့ပစ္စည်းများနှင့် ငွေကြေးပံ့ပိုးမှုများ တက်ကြွစွာ ပေးအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Ref - (ဆင်ဟွာ) 

#MyanmarNationalPost

No comments:

Post a Comment