မိုးမိတ်မြို့ရှိ လမ်းဘေးဝဲယာရှိ အန္တရာယ်ရှိသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့ရှိ လမ်းဘေးဝဲယာရှိ အန္တရာယ်ရှိသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်း



MNP ၊ မေ  ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်  မြို့နယ်မီးသတ်ဦးစီးဌာနမှ လမ်းဘေးဝဲ၊ ယာရှိ အန္တရာယ်ရှိနိုင်သော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့တွင်း၊ မြို့ပြင်ရှိ လမ်းဘေးတစ်လျှောက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မိုးဦးရာသီ လေမိုးများကျရောက်ချိန်တွင် အများပြည်သူများ အန္တရာယ်ကင်းဘေးရှင်းစွာ သွားလာနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးဟန်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဇော်မော်နှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက၊ လူနေအိမ်၊ လျှပ်စစ်ဓာတ်ကြိုးများနှင့် မလွတ်ကင်းသည့် အပင်ကိုင်းများ ဖြတ်ချခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


စည်သူဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment