အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်း မန္တလေး၊ အောင်မြေသာစံမြို့နယ် အ.ထ.က(၈)တွင် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်း မန္တလေး၊ အောင်မြေသာစံမြို့နယ် အ.ထ.က(၈)တွင် ဖွင့်လှစ်




MNP ၊ မေ  ၁၆

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးနှင့် စည်းရုံးရေးကော်မတီက ကြီးမှူး၍  အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း ဧသီဒါခန်းမဆောင်တွင်  မေလ ၁၆ ရက်နံနက် ရှစ်နာရီခွဲက ကျင်းပပြုလုပ်ရာ အောင်မြေသာစံခရိူင်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းအောင်(စီမံ)၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးနှင့် စည်းရုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်မာမာဦးနှင့် ကော်မတီဝင်များ၊  မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သင်တန်းနည်းပြ ဆရာ/ ဆရာမများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား ကျောင်းသား/သူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် မြို့န ယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့န ယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်က  သင်တန်းအဖွင့်အမှာစကားပြီး အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှု သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်ရိုးညွှန်းတန်းစာအုပ်၊မှတ်စုစာအုပ်၊ဘောပင်နှင့်ခဲတန်များ ဝေငှပေးကြသည်။


အဆိုပါ အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းကို သင်တန်းသား ကျောင်းသား/သူ ၉၅ ဦး တက်ရောက်ပြီး  ယနေ့မှစ၍ မေလ ၁၉ ရက်နေ့ထိ နေ့စဥ် နံနက် ၉ နာရီ မှ ၁၁ အထိ (၄)ရက်တိုင်  သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်မော်ထွန်း

 https://t.me/MyanmarNationalPost










No comments:

Post a Comment