ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား တီဘီရောဂါကွင်းဆင်းရှာဖွေ ကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား တီဘီရောဂါကွင်းဆင်းရှာဖွေ ကုသပေး



MNP ၊ မေ  ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအတွင်းရှိ ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါ ကွင်းဆင်း ရှာဖွေကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းက တီဘီရောဂါနှင့်အခြားရောဂါများအား ရှာဖွေစစ်ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့သည်။


အဆိုပါအဖွဲ့တွင် ပျဉ်းမနားမြို့နယ် တီဘီရောဂါတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာသင်းသင်းကျော်နှင့် ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါ ရှိ၊မရှိ ချက်ချင်းအဖြေထွက်သည့် ကွန်ပျူတာဓာတ်မှန်စက်ဖြင့် ရှာဖွေ၍ကုသခြင်းများဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ငှက်ဖျား၊ ဆီးချို၊ သွေးတိုးနှင့် အနာကြီးရောဂါ များ ရှိ၊မရှိကိုလည်း စမ်းသပ်ရှာဖွေ၍ ကုသခြင်းများ ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ တီဘီရောဂါရှာဖွေကုသခြင်းများကို ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်သည်။ ပျဉ်းမနားမြို့နယ်တွင် တီဘီရောဂါကွင်းဆင်း ရှာဖွေကုသရာ၌ ကူးတို့ဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူ ၁၄၃ ဦးအား စစ်ဆေးဆောင်ရွက်ပေးခဲ့ရာတွင် ၂ ဦးတွင် တီဘီရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment