သပိတ်ကျင်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်း ဖွင့်လှစ်





MNP ၊ မေ  ၁၆

ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ယဥ်ကျေးလိမ္မာပြီး အမျိုးဘာသာ၊ သာသနာနှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ ဗုဒ္ဓဘာသာ၊ သာသနာထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးမှု သင်တန်းကို ယ​မန်နေ့နံက်( ၁၀)နာရီကဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ အခမ်းနားအား နမောတဿ(၃)ကြိမ်ရွတ်ဆိုကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု( ၃)ကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့သည်။    


အဆိုပါ ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိမ်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ တက်ရောက်လာသည့်သင်တန်းသား၊သင်တန်းသူ(၇၀)ဦးအား စာရေးကိရိယာများ​ ပေးအပ်လှူဒါန်းခဲ့​သည်၊ သင်တန်းအားသင်တန်းနည်းပြဆရာမ(၃)ဦးမှ  (၁၅-၅၂၀၂၃ မှ ၁၈-၅၂၀၂၃) နေ့ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)