MNP ၊ မေ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧပြီလ ၂၉ ရက်နေ့ ည( ၇း ၂၀) နာရီအချိန်ခန့်ကရုတ်တရက်လေပြင်းတိုက်ခိုက်ပြီး မိုးရွာသွန်းမှုကြောင့် ရွှေတောင်မြို့နယ်အတွင်း ၊ကျီးသဲကျေးရွာအုပ်စု၊နွားခြံကုန်းကျေးရွာအုပ်စု၊မြို့မကျေးရွာအုပ်စုတို့တွင် လူနေအိမ် (၉)အိမ် အမိုးလန် ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည့်ကျေးရွာများသို့ ယမန်နေ့ ၊ နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှတာဝန်ရှိသူများ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ သက်ဆိုင်ရာရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အမိုးလန် လူနေအိမ် ( ၉) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၃၃၇၂၀၀/-)အား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment