MNP ၊ မေ ၁
ထိုင်းနိုင်ငံမှ လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်းရာတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ ကျောက်ထရံကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာနေ လူကုန်ကူးခံရသူ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦး၊ကလေးငယ်(၁)ဦးတို့အား မိဘရပ်ထံ ပြန်လည်ပို့ဆောင်အပ်နှံခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ဥက္ကဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ရဲမှူးနိုင်စိုးနှင့် ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ ၊တပ်ဖွဲ့စုမှူး ဒု-ရဲမှူး ကျော်နိုင်ဦး တို့က လူကုန်ကူးခံရမှုနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ၊ဥက္ကဌ ဒေါ်နန်းမြအေးတို့က လူကုန်ကူးခံရသူများအား နှစ်သိမ့်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ လူကုန်ကူးခံရသူများအတွက် ထောက်ပံ့ပစ္စည်းများနှင့် မိသားစုဝင် ကလေးငယ်(၁)ဦးအတွက် ကစားစရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ကျောက်ထရံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် လူကုန်ကူးခံရသူများ၏ မိဘဆွေမျိုးများ၊ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment