MNP ၊ ဧပြီ- ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ ညနေ ( ၇း ၂၀) နာရီအချိန်ခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခိုက်မှုကြောင့် ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု၊ နွားခြံကုန်းကျေးရွာ အုပ်စုနှင့် မြို့မကျေးရွာအုပ်စု အတွင်းရှိ လူနေအိမ် (၉)အိမ် အမိုးလန် ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျီးသဲကျေးရွာအုပ်စုမှ အမိုးလန်သည့် လူနေအိမ်(၂)အိမ်၊ နွားခြံကုန်းကျေးရွာအုပ်စုမှ အမိုးလန် လူနေအိမ် (၁)အိမ် ၊ မြို့မကျေးရွာအုပ်စုမှ အမိုးလန် လူနေအိမ် ( ၆) အိမ် ပျက်စီးခဲ့ပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ (၉၂၈၉၀၀) ကျပ်ရှိကြောင်းနှင့် လေဘေးသင့်၍ နေအိမ်အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ မိသားစုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် ၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျှက် ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာများ မရရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment