MNP ၊ မေ ၁
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့ နံနက်၈နာရီက မြို့ပေါ်ရပ်ကွက် အတွင်းရှိ လမ်းဆုံ လမ်းခွနှင့် လူစည်ကားရာ နေရာများ တွင် Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊မိခင်နှင့်ကလေးစာင့်ရှောက်ရေးအသင်းဝင်များနှင့် တာဝန်ရှိသူများကလမ်းဆုံ လမ်းခွများနှင့် လူစည်ကားရာနေရာဖြစ်သောစျေးအတွင်းစျေးရောင်း၊စျေးဝယ်သူများ၊လမ်းသွားလမ်းလာသူများအားကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန်အတွက်ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီနေထိုင်ရေး၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်းMaskကိုစနစ်တကျ တပ်ဆင်သွားလာရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး ထပ်ဆောင်းကာကွယ်ဆေးများကို ဆက်လက် ထိုးနှံရေး တို့ကိုအသိ ပညာပေးပြောကြားပြီး Mask များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost





No comments:
Post a Comment