မာန်အောင်မြို့တွင်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်မီးကိုစနစ်တကျသုံးစွဲရေး အသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်မီးကိုစနစ်တကျသုံးစွဲရေး အသိပညာပေးနှိုးဆော်




MNP ၊  ဧပြီ ၃၀

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးကိုစနစ်တကျ သုံးစွဲရေးအသိပညာပေးနှိုးဆော်ခြင်းကို  ယနေ့ညနေ၅နာရီကမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့သည်။


    ထိုသို့ နှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ  လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်စိုးမိုးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိပြည်သူများအား နွေရာသီအပူချိန် အလွန်ပြင်းထန် လာသဖြင့်   မီးဘေးအန္တရာယ် မကျရောက်စေရန် လျှပ်စစ်မီး၊  လျှပ်စစ်မီးဖို၊ထင်းမီးဖိုမီး၊ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေမီးများကို စနစ်တကျသုံးစွဲပြီး ညအိပ်ချိန်တွင်  ငြှိမ်း သတ်ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများကို အသစ်လဲလှယ်တပ်ဆင်အသုံးပြုရန်၊နေအိမ်များ၊ရုံးအဆောက်အဦးများတွင် မီးချိတ်၊မီးကပ်၊သဲအိတ်၊ ရေအိတ်၊မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများအား ဆောင်ရွက် ထားရှိရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျ ရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားရန်စသည့် အသိပညာပေး နှိုးဆော်ခြင်းကိုဆောင်ရွက်ခဲ့သည်။


      မာန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည်မီးဘေးအန္တရာယ် မကျရောက်စေရန် ပြည်သူများအားအသိပညာပေးနှိုးဆော်ခြင်းကို အပတ်စဥ်တနင်္ဂနွေနေ့ တိုင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးထိန်လင်းထံမှသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)