MNP ၊ ဧပြီ ၃၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင်ပူပြင်းခြောက်သွေ့သော နွေရာသီ ကာလအတွင်း ပြည်သူများသောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှ လူထုအကျိုးပြုလုပ်ငန်းအဖြစ် သောက် သုံးရေအခက်အခဲရှိသည့် ပြည်သူများသို့ သောက်သုံး ရေများ လှူဒါန်း ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သောက်သုံးရေအခက်အခဲရှိသည့် ရပ်ကွက်များသို့သွားရောက်လှူ ဒါန်းခဲ့ကြောင်းသိရသည်။
သောက်သုံးရေများလှူဒါန်းရာတွင် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးခင်ကျော်လင်း နှင့်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေအခက်အခဲရှိသည့် ရပ်ကွက်များသို့သွားရောက်၍ ရပ်ကွက်များရှိအများသုံးရေစုကန်များတွင်ရေဖြည့်လှူဒါန်းခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး သောက်သုံးရေ ရှား ပါးသည့် အခြားရပ်ကွက်၊ကျေးရွာများသို့လည်းဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
တောင်ကုတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များသို့ ရေဖြန့်ဝေပေး ရာတွင်ယခင်ကနေ့စဉ်ဖြန့်ဝေပေးနိုင်သော်လည်း လက်ရှိတွင် ဂရုဏာဆည်၌ ရေလက်ကျန်ပမဏ နည်းလာ သည့်အတွက် မိုးမကျမီရေပြတ်လပ်မှုမရှိစေရေး (၂)ရက်ခြား အလှည့်ကျစနစ်ဖြင့်ဖြန့်ဝေပေးလျက်ရှိ ရာ ရပ်ကွက် အချို့၌သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment