တောင်ကုတ်မြို့ နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စိုက်ပျိုးရေး နှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့ နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စိုက်ပျိုးရေး နှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်




MNP ၊  ဧပြီ ၂၉

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ပိုင်းက တောင်ကုတ်-သံတွဲကားလမ်းဘေးရှိ ကျေးရွာများတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်ဌာနဆိုင်ရာများက တရဂူကျေး ရွာ ၊ တပျော့ကျေးရွာ ၊ ချောင်းသုံးခွကျေးရွာ၊ကမ်းဒေးကျေးရွာနှင့်ဟုန်းပေါက်ကျေးရွာ များရှိတောင်သူ များနှင့် တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုး ရေး ၊ စိုက်ပျိုးရေရရှိရေး ၊ သီးထပ်သီးညှပ်စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများ တိုးချဲ့ရေးတို့ကိုဆွေးနွေးခဲ့ပြီး နောက် သက္ကယ်ပြင်ကျေးရွာတွင် နွေထယ်ရေးထွန်ယက်ခြင်း ဧက(၂၀)ကိုကြည့် ရှုကြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့သည် သက္ကယ်ပြင်ကျေးရွာ ဘုန်း တော်ကြီးကျောင်းတွင် တောင်သူ(၁၀၀)ဦးနှင့်လည်းကောင်း ၊ ကမ်းဒေးကျေးရွာရှိ အထက ကျောင်းတွင် ကမ်းဒေးကျေးရွာရှိတောင်သူ(၅၀)ဦးနှင့်လည်းကောင်းတွေ့ဆုံ၍ မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးရေး ၊ စိုက်ပျိုးရေ ရရှိရေး ၊ သီးထပ်သီးညှပ်စိုက်ပျိုးရေး ၊ စနစ်ကျသောမွေးမြူရေး တိုးချဲ့ရန်နှင့်သမဝါယမလုပ်ငန်းများမြှင့်တင် ရေးတို့ကိုဆွေးနွေးခဲ့ပြီးနောက် တောင်သူများ၏ ပြန်လည်မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)