အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုဖူလုံရေး - သုခစုစံ အထွေထွေရောဂါကုဆေးခန်းနှင့် လူမှုဖူလုံရေး - ကောင်းဇေ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုဖူလုံရေး - သုခစုစံ အထွေထွေရောဂါကုဆေးခန်းနှင့် လူမှုဖူလုံရေး - ကောင်းဇေ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်ဖွင့်လှစ်


MNP ၊ မေ ၁

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမနေ့က ရန်ကုန် တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၀) ရပ်ကွက် ပုလဲလမ်းမကြီး အမှတ် (၁၂၅၉) ရှိ လူမှုဖူလုံရေး- သုခစုစံအထွေထွေရောဂါကုဆေးခန်းနှင့် ရွှေပြည်သာမြို့နယ် (၁၄) ရပ်ကွက် မဟာဗန္ဓုလလမ်းမ အမှတ် (၈၆၂) ရှိ လူမှုဖူလုံရေး-ကောင်းဇေ အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားများ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယ ဝန်ကြီး ဦးဝင်းရှိန်၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကျုံးဝင် အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊ လူမှုဖူလုံရေး-သုခစုစံ အထွေထွေရောဂါကုဆေးခန်းနှင့် လူမှုဖူလုံရေး-ကောင်းဇေအထွေထွေရောဂါကုဆေးခန်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက ဆေးခန်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆေးခန်းကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မြို့နယ်ပေါင်း ၁၁၆ မြို့နယ်၊ အကျုံးဝင် မှတ်ပုံတင်အလုပ်ဌာန ၃၄၈၇၈ ဌာနနှင့် အကျုံးဝင်အာမခံအလုပ်သမားပေါင်း ၁၂၁၁၃၇၁ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အကျုံးဝင်အလုပ်ဌာန ၁၃၉၈၈ ဌာနနှင့် အကျုံးဝင်အာမခံ အလုပ်သမားပေါင်း ၈၆၃၅၃၃ ဦးရှိပြီး အဆိုပါ အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်၊၊

လူမှုဖူလုံရေးအဖွဲ့သည် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဌာနပိုင်အလုပ်သမားဆေးရုံကြီး သုံးရုံ၊ မြို့နယ်ဆေးခန်း ၉၆ ခန်း၊ ဌာနကြီး ဆေးခန်း ၆၀၊ တိုင်းရင်းဆေးခန်း တစ်ခန်း၊ ပုဂ္ဂလိက နှင့်ပူးပေါင်း၍ Fee For Service စနစ်ဖြင့် စာချုပ်ဆေးခန်း ၁၂ ခန်း၊ Capitation Payment စနစ်ဖြင့် ပြင်ပလူနာကုသမှုဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော ဆေးရုံ/ ဆေးခန်း ၂၄ ခန်း၊ မီးဖွားခြင်းနှင့် ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်လျက်ရှိသော ဆေးရုံ/ သားဖွားခန်း ကိုးခန်း၊ ရွေ့လျားဆေးကုသ ယာဉ် နှစ်စီးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အာမခံအလုပ်သမားများကို ပိုမို ကောင်းမွန်သည့် ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ် ချုပ်ဆိုဆောင်ရွက်လျက်ရှိရာ ယခုဆေးခန်း နှစ်ခန်း အပါအဝင် Capitation Payment စနစ်ဖြင့် ပုဂ္ဂလိက စာချုပ်ဆေးရုံ/ဆေးခန်း ၂၆ ခန်းနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)