MNP ၊ မေ ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသဖြင့်ထိခိုက်ပျက်စီးမှုများခဲ့သောကြောင့် ပဲခူးတိုင်းဒေသကြီးသန္ဓေမီးသတ်တပ်ဖွဲ့ရှာဖွယ်ကယ်ဆယ်ရေလက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မင်းဇော်ဦးဆောင်သော( ၁၁၆)ဦးပါဝင်သောအဖွဲ့နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းသောအဖွဲ့များသည်အဖွဲ့များခွဲ၍ ရသေ့တောင်မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ရမည့်နေရာများဖြစ်သော လမ်းများရုံးဌာနများ၊ သာသနိအဆောက်အအုံများအားဦးစားပေးအဆင့်များသတ်မှတ်ပြီး ၁၈.၅.၂၃ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ နံနက်ပိုင်း ကလည်း ခမရ(၅၃၇)တပ်ရင်းအတွင်း မီးသတ်တပ်ဖွဲ့ဝင်အင်အား(၃၅)ဦးဖြင့်ရှင်းလင်းဆောင်ရွက်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
နောက်နေ့များတွင်လည်း ကျန်ရှိနေသည့်နေရာများအားဆက်လက် ရှင်းလင်းသွားမည်ဖြစ်ကြောင်းသိရှိပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment