မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့်ပြည်သူများအတွက်မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသန့်ရှင်းသောသောက်သုံးရေရရှိရေးဖြန့်ဝေဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့်ပြည်သူများအတွက်မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသန့်ရှင်းသောသောက်သုံးရေရရှိရေးဖြန့်ဝေဆောင်ရွက်






MNP ၊ မေ  ၂၅

ရခိုင်ပြည်နယ်၊စစ်တေခွရိုင်၊ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းက ရေသန့်စင်ကားဖြင့်သန့်ရှင်းသောသောက်သုံးရေများကိုရသေ့တောင်မြို့နယ် ခနောင်းကြီးကျေးရွာအုပ်စု မှ ခနောင်းကြီး ကျေးရွာနှင့်ရွာသစ်ကေကျေးရွာ များရှိ ဒေသခံပြည်သူများအားရေသန့်များအားဖြန့်ဝေပေးခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင် နွေရာသီရေရှားပါးမှုကြုံနေရပြီး မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကန်အများစုမှာဆားငံရေဝင်သွားခြင်းကြောင့်သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လျှက်ရှိပါသည်။

ယခုအခါ ရသေ့တောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးပြီးရေသန့်စင်ကား(၂)စီးဖြင့်မြို့ပေါ်ရပ်ကွက်(၄) ကွက်ရှိပြည်သူများ၊ယာယီနေရပ်စွန့်ခွာသူများ၊လေဘေးဒါဏ်သင့်ပြည်သူများထံသို့ ၂၂.၅.၂၃ ရက်နေ့မှသောက်ရေများစတင်ဖြန့်ဝေခဲ့ရာ ယနေ့အချိန်ထိ ရေဂါလံပေါင်း (၂၂၆၅၅)ဂါလံကို အကျိုးပြုပြည်သူ (၁၁၄၂၃၅) ဦးတို့အတွက်ဖြန့်ဝေနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)