ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများမုန်တိုင်းဒဏ်ကြောင့် ပျက်စီးစာသင်ကျောင်းများပြန်လည်ပြုပြင်နေမှုအားကြည့်ရှု စစ်ဆေး၊ ပျက်စီးမှုစာရင်းအားအတည်ပြုခြင်းနှင့်သွပ်ပြားများထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများမုန်တိုင်းဒဏ်ကြောင့် ပျက်စီးစာသင်ကျောင်းများပြန်လည်ပြုပြင်နေမှုအားကြည့်ရှု စစ်ဆေး၊ ပျက်စီးမှုစာရင်းအားအတည်ပြုခြင်းနှင့်သွပ်ပြားများထောက်ပံ့ပေးအပ်






MNP ၊ မေ  ၂၅

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသောတပ်မတော်(ရေ)ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များလိုက်ပါလျက်ယနေ့နံနက်၉နာရီခွဲက မိုခါ မုန်တိုင်းကြောင့်အမိုးများ ပျက်စီးခဲ့ သော ခအုန်းမော်ကျေးရွာအုပ်စု အ-လ-က ကျောင်းပြုပြင်ဆဲ အခြေအနေနှင့်အ-ထ-က(ခွဲ)စျေးတန်း မျက်နှာကျက်များ ပြုပြင် ပြီးစီးမှု အခြေအနေများကိုသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။


   ဆက်လက်၍ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်အဖွဲ့သည်  မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ မုန်တိုင်းကြောင့်ပျက်စီးမှု စာရင်းများအား ပြန်လည်စီစစ် အတည်ပြုအစည်းအဝေး ပြုလုပ်ခဲ့ရာအစည်းအဝေးတွင်အခြေခံပညာ ကျောင်းများ ကျောင်းဖွင့်ရက် အမီ ပြီးစီးနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးခဲ့သည်။


   ထို့နောက် ဗိုလ်မှူးချုပ်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့  သဘာဝဘေး ကြိုတင်ထုတ်ပေးငွေနှင့်အလှူရှင်များ လှူဒါန်းထားသော သွပ်ပြားများမှ ကံတိုင်းအုပ် အ-မ-က ကျောင်းအတွက်(၈)ပေ သွပ်(၂၅)ချပ်၊အ-မ-က ဇိုင်ပင် အတွက်(၈)ပေ သွပ်(၁၀)ချပ်၊အ-ထ-က(ခွဲ)အိုးဝ(၈)ပေ သွပ်(၃၈)ချပ်၊အ-မ-ကကျီချောင်းဝ အတွက်(၈)ပေသွပ်(၁၅)ချပ်၊စုစုပေါင်း(၈၈)ချပ်အားသက်ဆိုင်ရာ ကျောင်းအကျိုးတော် ဆောင်များထံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment