မြောက်ဦးမြို့ပေါ်ရပ်ကွက်များတွင် ရေဖြန့်ဝေနေမှုအခြေအနေအား ရှင်းလင်းတင်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ပေါ်ရပ်ကွက်များတွင် ရေဖြန့်ဝေနေမှုအခြေအနေအား ရှင်းလင်းတင်ပြ



MNP ၊ မေ  ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ခံ  ဗိုလ်ချုပ်သောင်းထိုက် ရွှေထံသို့ မြောက်ဦးမြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ နှင့်လက်ထောက် အင်ဂျင်နီယာတို့မှ မြောက်ဦးမြို့ရေပေးဝေရေးဆောင်ရွက်နေမှုအခြေအနေများအား ယမန်နေ့ နံနက်ပိုင်း က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ တွင် လာရောက် ရှင်းလင်းတင်ပြ ခဲ့ကြသည်။


ရှေးဦးစွာ မြောက်ဦးမြို့နယ်စည်ပင်သာယာရေးကော်မတီအမှုဆောင်အရာရှိ ဦးဦးရွှေမောင် မှ မြောက်ဦးမြို့ ယခင်ရေပေးဝေနေမှုအစီအမံအားလည်းကောင်း၊ မိုခါမုန်တိုင်းတိုက်ခတ်ပြီး နောက်ပိုင်း လျှပ်စစ်မီး ပြတ်တောက်ခြင်းကြောင့် ဌာနပိုင် မီးစက်ဖြင့် ရေစုပ်တင်၍ မြို့အား ရေပေးဝေရေး ဆောင်ရွက်လျှက်ရှိသည့် အခြေအနေတို့အားလည်းကောင်း ရှင်းလင်း တင်ပြခဲ့သည်။


ဗိုလ်ချုပ်သောင်းထိုက်ရွှေ က ရေပေးဝေမှုနှင့်ပတ်သတ်၍ သိရှိလိုသည်များမေးမြန်းခဲ့ပြီး တာဝန်ရှိ သူများက ရှင်းလင်းတင်ပြကြရာ ဗိုလ်ချုပ်သောင်းထိုက်ရွှေ က လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)