ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင်ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကျောင်းအပ်လက်ခံနေမှုအခြေအနေများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင်ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကျောင်းအပ်လက်ခံနေမှုအခြေအနေများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး






MNP ၊ မေ  ၂၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများကို ပြန်လည် ထူထောင်ရေး ကိစ္စရပ်များတွင်ပါဝင်သည့်  တာဝန်ရှိသူများသည် ယနေ့ နေ့လည်ပိုင်းကကျေးရွာများအတွင်း ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကျောင်းအပ်လက်ခံနေမှုအခြေအနေများအား တာဝန်ရှိသူများကမြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။


အဆိုပါ မုန်တိုင်းဘေးကြောင့်လေဘေးသင့်ခဲ့သော အောင်သုခကျေးရွာရှိ ပြည်သူများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၀န်များက ကျန်းမာရေးစောင့်ရှောက်​ ပေးနေမှုကိုပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ နှင့် တာ၀န်ရှိသူများက  ကြည့်ရှုအားပေးပြီ လေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီးအားပေးတွေ့ဆုံကာ  ပြည်သူများအနေဖြင့် ဝမ်းရောဂါများ မဖြစ်ပွားစေရန် အထူးအလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လေဘေးသင့်ပြည်သူများအတွက် ယင်လုံအိမ်သာ အမြန်ဆောက်လုပ်ရန်လိုအပ်ပါကြောင်းတာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနိုင်းဆောင်ရွက်‌ေပးခဲ့သည်။ထို့နောက် မုန်တိုင်းဘေးကြောင့် အမှတ် (၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(အင်းဒင်)အတွင်း လျှပ်စစ်ဓာတ်အားလိုင်းများထိခိုက်ပျက်စီးမှုအခြေအနေများနှင့် လျှပ်စစ်ဓာတ်အားယာယီရရှိရေးအတွက် ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ပြီ လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ယင်းနောက် မောင်တောမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် အတွင်း အတန်းများအလိုက်  ကျောင်းအပ်လက်ခံနေမှုအခြေအနေများအား သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းသားကျောင်းသူများ ၊ ဆရာဆရာမများကို ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်းသိရသည်။


သက်လွင်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)