အမ်းမြို့နယ်တပ်တောင်မြို့၌ကျောင်း များအပ်နှံနေမှုအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တပ်တောင်မြို့၌ကျောင်း များအပ်နှံနေမှုအား မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး







MNP ၊ မေ  ၂၅

       ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် ကျောင်းအပ်နှံရေး လုပ် ငန်းများကို မေလ ၁၃ နေ့ နံနက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယ‌မန်နေ့ က မြို့ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။


 အမ်းမြို့နယ် တပ်တောင်မြို့၌ကျောင်း အပ်နှံကြသူများကို မြို့ အုပ်ချုပ်ရေးမှူးဦးပြည့်ဖြိုး နှင့် တာဝန်ရှိသူများက KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံပေးနေမှုနှင့် ပညာ ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံတို့ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှု ကာဆရာ၊ဆရာမများမိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံကာအားပေးစကားများပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။


         အမ်းမြို့နယ်အတွင်း‌ တပ်တောင်မြို့အပါအဝင် အခြေခံပညာကျောင်း အ.ထ.က  (၁၁)ကျောင်း၊ အ.ထ.က(ခွဲ)(၁၁) ကျောင်း၊ အ.လ.က (၂၇)ကျောင်း ၊ အ.လ.က (ခွဲ) (၂၈)ကျောင်း၊ (မူလွန်)(၃၅)ကျောင်း၊ အ.မ.က(၆၅) ကျောင်း၊ အ.မ.က(ခွဲ)(၄၁) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်း၊ကိုယ်ပိုင်အထက်တန်းကျောင်း (၂) ကျောင်း စုစုပေါင်း (၂၂၃) ကျောင်းရှိရာမေလ ၂၃ ရက်နေ့မှ စ၍ မေလ ၃၁ ရက်နေ့ အထိအ​​ခြေပညာ ကျောင်းများ၌တ ကျောင်းအပ်လက်ခံခြင်း များဆောင် ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment