MNP ၊ မေ ၁
ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့တွင်နွေရာသီရေခမ်းခြောင်မှုပြဿများကြောင်းမြို့ပေါ်နေပြည်သူများသောက်သုံးရေအခက်အခဲများကြုံတွေနေကြရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဦးနိုင်လင်းထက်မှ
ကြီးမှူး၍မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍မြို့ပေါ်နေပြည်သူများသောက်ရေ၊သုံးရေရှိရေးအတွက်မြို့ပေါ်ရပ်ကွက်အသီးသီးရှိရေစုကန်များတွင်ရေဖြန့်ဝေပေးလျက်ရှိရာယနေ့နံနက်၈နာရီတွင် အရှေ့မြောက်ရပ်ကွက် ရေစုကန်အမှတ်(၈)တွင်စည်ပင်မှTipper ရေသယ်ယာဉ် ဖြင့်ရေဂါလံ(၇၅၀)ဖြန့်ဝေပေးခဲ့ကြသည်။
ရသေ့တောင်မြို့နယ်တွင်မိုးရာသီတွင်မိုးရာသီမိုးရေချိန်ပြည့်မီအောင်မရရှိခဲ့သဖြင့် ယခုလိုရေမလုံမလောက်မှုဖြစ်ပေါ်ရခြင်းဖြစ်ပြီး၊ပြည်တွင်းနေရပ်စွန့်ခွာသူလူဦးရေများတိုးပွားလာမှုကြောင်းရေမလုံလောက်ခြင်းဖြစ်ပေါ်ရခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment