တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း ၏ ခရီးစဉ်အတွင်း မြန်မာ - တရုတ် နှစ်နိုင်ငံ ဘာတွေဆွေးနွေးကြသလဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း ၏ ခရီးစဉ်အတွင်း မြန်မာ - တရုတ် နှစ်နိုင်ငံ ဘာတွေဆွေးနွေးကြသလဲ




MNP ၊ မေ ၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မေ ၂ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။


ခရီးစဉ်အတွင်း မေ ၂ ရက် ညနေ ၆ နာရီ မိနစ် ၄ဝ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းတို့ ဦးဆောင်၍ မြန်မာ - တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ ကျင်းပပြုလုပ်သည်။


နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံ အကြားရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာ ရေး၊ နှစ်နိုင်ငံအကြား အကောင်အထည်ဖော်လျက်ရှိသည့် စီမံကိန်းများနှင့် မြန်မာ - တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းအောက်မှ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံ၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့နှင့် ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပြင် ဒေသတွင်းနှင့် နိုင်ငံတကာအကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း က ယခုကဲ့သို့မိမိအနေဖြင့် မြန်မာနိုင်ငံ သို့ခရီးစဉ်လာရောက်ခြင်းမှာ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ပထမဆုံးအကြိမ်အဖြစ်လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ခရီးစဉ်လာရောက်မှုမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေသည်သာမက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်နေမှုကို ပြသခြင်းပင်ဖြစ်ကြောင်းပြောကြားသည်။


ယင်းနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူပေါင်း ဆောင်ရွက်မှုများပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ နှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိ မှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ် ကုန်သွယ်မှုများ မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စွမ်း အင်နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများနှင့် နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးကဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


ယမန်နေ့ ညပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ညစာဖြင့်တည်ခင်း ဧည့်ခံခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် (၄-၅-၂၀၂၃) ရက်နေ့အထိ မြန်မာနိုင်ငံတွင် (၃)ရက်ကြာ ရှိနေမည်ဖြစ်သည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)