မသမာသူအဖျက်သမားများက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို နည်းမျိုးစုံဖြင့် ပြစ်တင်ဝေဖန် နှောင့်ယှက်မှုများ ရှိလာနိုင်သည့်အတွက် ကြိုတင်စီမံ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်ထားရှိရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မသမာသူအဖျက်သမားများက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို နည်းမျိုးစုံဖြင့် ပြစ်တင်ဝေဖန် နှောင့်ယှက်မှုများ ရှိလာနိုင်သည့်အတွက် ကြိုတင်စီမံ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်ထားရှိရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြောကြား


MNP ၊ မေ ၃

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ရိုက်ကူးထုတ်လွှင့်ပြသရေး၊ ဆုများချီးမြှင့်ရေး၊ ဆုရကောက်နုတ်ချက်များ ပြသရေး၊ အခမ်းအနား ပြင်ဆင်ရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ကျန်းမာရေး၊ မီဒီယာများ နေရာချထားမှုနှင့် ကြီးကြပ်ရေး၊ စင်မြင့်ဆောက်လုပ် ပြီးစီးမှုအခြေအနေ၊ မီး/ အသံ စနစ်များ တပ်ဆင်ပြီးစီးမှုဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မေ ၆ ရက်တွင်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို အဘက်ဘက်မှလစ်ဟာမှုမရှိစေရေး ကြိုတင်စီမံဆောင်ရွက်ကြရန်၊ အခမ်းအနားတက်ရောက်မည့် အနုပညာ ရှင်များ စာရင်းကို ရရှိထားပြီးဖြစ်၍ တည်းခိုနေထိုင်စားသောက်ရေး၊ သွားလာရေးကိစ္စရပ်များကို သက်ဆိုင်ရာကော်မတီအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ထားရန်၊ မသမာသူအဖျက်သမားများက မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို နည်းမျိုးစုံဖြင့် ပြစ်တင်ဝေဖန် နှောင့်ယှက်မှုများ ရှိလာနိုင်သည့်အတွက် ကြိုတင်စီမံ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဟန်ချက်ညီညီ ဆောင်ရွက်ထားရှိရန်၊ မည်သည့်အနှောင့်အယှက် အတားအဆီးများရှိစေကာမူ မိမိတို့၏ စိတ်စေတနာအမှန်ဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အခမ်းအနားကျင်းပမည့် စင်မြင့်ပြင်ဆင်ထားရှိမှု၊ LED နှင့် မီးများတပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)