MNP ၊ မေ ၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်သူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်း၍ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် "ကဆုန်လပြည့်(ဗုဒ္ဓနေ့)"အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို မေလ ၂ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးသူ ရွှေထုံခင်သီတာလှိုင်က ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည့်နေ့၊ ပွင့်တော်မူသည့်နေ့၊ ပရိနိဗ္ဗာန်စံတော်မူသည့်နေ့နှင့် ဘုရားအဖြစ်သို့ရောက်ရန် ဗျာဒိတ်ခံယူတော်မူသည့်နေ့ဖြစ်သည့် ကဆုန်လပြည်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်ကြောင်း၊ ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့ရာနေရာဖြစ်သည့် ဗောဓိညောင်ပင်များကို ကဆုန်လအတွင်း အစဉ်အလာမပျက် ညောင်ရေသွန်းပွဲတော် ကျင်းပလာခဲ့မှု သမိုင်းအစဉ်အလာများနှင့် ညောင်ရေသွန်းပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်များ၊ ဗောဓိညောင်ပင်တွင် ရေသွန်းလောင်းရခြင်း၏ အကျိုးကျေးဇူးများ စသည့်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ပြည်သူအသိပညာပေးကဏ္ဍအနေဖြင့် အွန်လိုင်းမှနေတစ်ဆင့် ရိုက်ကူးတင်ဆက်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment