MNP ၊ မေ ၂
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်း ညှိနိုင်းအစည်းအဝေးကို ယနေ့ နေ့လည် ၂ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ၂၀၂၃ ခုနှစ် ၊ မေ ၃ ရက်နေ့တွင် ကျ ရောက်မည့် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ မြန်မာ့ရိုးရာဓလေ့ထုံးထမ်း အစဉ်အလာနှင့်အညီ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကညင်တန်း ရပ်ကွက်ရှိ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း ၊ ၂၀၂၃ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်သည့် “မဟာသဒ္ဓမ္မဇောတိကဓဇ (သာသနာပြုဘွဲ့) ဒုတိယအဆင့်ရရှိသော မောင်တောမြို့ ၊ ၄မိုင်ရပ်ကွက် ၊ သုံးမိုင်ဘုန်းတော်ကြီး သင်ပညာရေးကျောင်း နှင့် ပရဟိတ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိအား ဂုဏပူဇော်ပွဲကို မေ ၇ ရက်နေ့တွင် သာသနာ့ဗိမာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် ဌာနဆိုင်ရာများအလိုက် လုပ်ငန်းတာဝန်များကို စနစ်တကျအကောင်အထည်ဖော်ကြရန်လိုကြောင်း နှင့် မောင်တော မြို့နယ်အတွင်း နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသောဌာနဆိုင်ရာများ နှင့် ၎င်းတို့၏ မိသားစုဝင်များအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာ ရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသဖြင့် မပျက်မကွက် ထိုးနှံဆောင်ရွက်ကြရန်လိုအပ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူ များက ကဏ္ဍအလိုက် လုပ်ဆောင်နေသည့် လုပ်ငန်းများအား အသီးသီး တင်ပြကြရာ ဆွေးနွေး တင်ပြချက် များ အပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment