အမ်းမြို့နယ် Community Centre ခန်းမ၌​​​ ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်းအသိပညာပေးTalk Show ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ် Community Centre ခန်းမ၌​​​ ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်းအသိပညာပေးTalk Show ကျင်းပ



MNP ၊ မေ ၂

       ရခိုင်ပြည်နယ်၊အမ်းခရိုင် ၊အမ်းမြို့ နယ် လူထုအခြေပြုဗဟိုဌာန (Commu nity Centre)ခန်းမ၌ ​ကဆုန်လပြည့်ဗုဒ္ဓနေ့အ​ကြောင်းအသိပညာပေးTalk Show ကိုယနေ့ နေ့လည်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ 


     ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး

ဒေါ်ခင်မျိုးတင်နှင့်​လုပ်သားရုပ်သံ ဦးဖြိုးဝေဇင် တို့မှ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်​ပေါ်လာပုံ၊ ကဆုန်လပြည့်​နေ့၏ ထူးခြားချက်များ ဗျာဒိတ်၊ဖွားမြင်၊ဗောဓိပင်၊စံဝင် နိဗ္ဗာန်နန်း ဆိုသည့်အတိုင်းကဆုန်လပြည့်​နေ့၌ ​ညောင်​ရေသွန်း​လောင်းပူ​ေဇာ်ရခြင်း၏ အနှစ်သာရများ၊ကဆုန်ညောင်ရေသွန်း​ လောင်းခြင်း ဖြင့်မြန်မာလူမျိုး ဗုဒ္ဓဘာသာသူ​တော်စင်များ အ တွက် မွန်မြတ်​​သောကုသိုလ်​ကောင်းမှုများရရှိ​စေခြင်းနှင့် ဒါန၊သီလ၊ဘာဝနာ

အမှုများပြုလုပ်ကြခြင်းဖြင့် သံသရာ ဘဝခရီးလမ်း​ဖြောင့်ဖြူး​စေနိုင်​ကြောင်းကို ဗဟုသုတဖြစ်​စေရန်ဆွေးနွေးခဲ့ကြသည်။


  အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ များဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကိုစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)