MNP ၊ မေ ၂
သာသနာတော်နှစ် ၂၅၆၆-၆၇ ခု မြန်မာသက္ကရဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အား ရည်မှတ်၍ သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းဆွမ်းဆန်တော် လောင်းလှူပွဲကိုယနေ့ ညနေ ၄ နာရီက ဒွါရာဝတီခန်းမမှစတင်၍ သံတွဲမြို့အတွင်း လှည့်လည်၍စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
အဆိုပါဆွမ်းလောင်းလှူပွဲသို့ သံတွဲမြို့နှင့် ငပလီမြို့ရှိ ဘုန်းတော်ကြီးကျောင်း (၃၉)ကျောင်းနှင့် စာသင်တိုက်(၅)တိုက် စုစုပေါင်း (၄၄)ကျောင်းတို့မှ ပင့်သံဃာ ၃၆၄ ပါးတို့အား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်နှင့် ဝန်ထမ်းများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်ဝန်ထမ်းများ၊ သံတွဲမြို့ရှိ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင် အလှူရှင်များက ဆရာတော် သံဃာတော်များကြွချီရာလမ်းတစ်လျောက်တွင် ဆွမ်းဆန်တော်များနှင့် လှူဘွယ်ဝတ္ထုများကို စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment