ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှိတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များမှ စုပေါင်းသန့်ရှင်းရေးများပြုလုပ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှိတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များမှ စုပေါင်းသန့်ရှင်းရေးများပြုလုပ်ဆောင်ရွက်





MNP ၊ မေ ၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး နှင့်  မယားမာန်မီးသတ်စခန်းတို့ရှိတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များမှ ၂၀၂၃-ခုနှစ်၊ မေလ ၅ရက်နေ့တွင် ကျရောက်မည့် ( ၇၇) နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် (၇)နာရီ အချိန်က ရွှေတောင်မြို့နယ် ၊ မယားမာန် ကျေးရွာအုပ်စု အတွင်းရှိ သမိုင်းဝင်ရွှေနတ်တောင်စေတီတော်မြတ်ကြီးတွင်  စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


        ထို့သို့ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ်      မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း ဦးဆောင်၍ 

မြို့နယ်မီးသတ်ဦးစီးမှူးရုံး နှင့် မယားမာန်မီးသတ်စခန်းတို့ရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များက သမိုင်းဝင်ရွှေနတ်တောင်စေတီတော်မြတ်ကြီး ဘုရား ရင်ပြင်တော်တွင် စုပေါင်းသန့်ရှင်းရေးများပြုလုပ်ခြင်း၊ဘေးပတ်ဝန်းကျင်ရှိချုံနွယ်များရှင်းလင်းခြင်း၊ရေနှုတ်မြောင်းများတူးဖော်ခြင်းနှင့်အမှိုက်သရိုက်များရှင်းလင်းခြင်းများကိုပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)