MNP ၊ မေ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင် မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် ယနေ့နံနက် ပိုင်းက Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင် မြို့နယ်လူစည်ကားရာနေရာများတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများကို မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပြီးမှသာ သွားလာကြရန်အတွက် Mask Campaign ပြုလုပ်ခဲ့သည်။
အဆိုပါ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးသန့် နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး လူစည်ကားရာ လမ်းဆုံများနှင့် စျေးသွားစျေးပြန်များကိုmask အခမဲ့ လိုက်လံပေးဝေခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment