ကမမောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့ အသိပညာပေး နံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမမောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့ အသိပညာပေး နံရံကပ်စာစောင်ပြသ




MNP ၊ မေ  ၂၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ပညာပေးပြသပေးလျှက်ရှိကြောင်း သိရသည်။


အဆိုပါ နံရံကပ်စာစောင်တွင် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များဖြစ်သည့် လူကုန်ကူးသူများအသုံးပြုသည့် နည်းလမ်းများအကြောင်းသိကောင်းစရာများ၊ လူကုန်ကူးသူက ခေါင်းပုံဖြတ်ခြင်းများအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့်လိုအပ်ချက်များအ‌ကြောင်း သိကောင်းစရာများ၊ လူကုန်ကူးဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းသိကောင်းစရာများ စသည့်အချက်များပါဝင်သည့် နံရံကပ်စာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး ပြသပေးခဲ့ကြောင်း သိရှိရသည်။


သန့်ဇင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment