ငပုတောမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လက်ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆက်လက်ကွင်းဆင်းဆောင်ရွက်


MNP ၊ မေ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများ အရောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်က  ဇီးဖြူဆိပ်၊ ကုန်းတန်းပုတ္တ၊ နကုန်းသဇင်ကျွန်း၊ ကွေ့ချောင်းကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။


ထို့သို့ တွေ့ဆုံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ကျောင်းနေအရွယ် အားလုံးကျောင်းရောက်ရှိရေး၊ KG+9 ပြီးသည်အထိ အတန်းထိမ်းနှုန်း ၁၀၀ ရာနှုန်း​ပြည့်ဝစေရေး၊ ပညာရေး အဟောသိကန် ဖြစ်မှုမရှိရေး၊ Grade-9 ပြီးသူများ စိုက်မွေးပညာသင်ကျောင်းများ တက်ရောက်ရေးနှင့် အခွင့်အလန်းများ စပါး တစ်ဧက ၁၀ တင်းနှုန်းအထွက်တိုးရေး သီးထပ် စိုက်ပျိုးခြင်းဖြင့် စိုက်စွမ်းအားတိုးမြှင့်ရေး သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာသုံးစွဲရေး နိုင်ငံ့ စီးပွားမြှင့်တင်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် ဆောင်ရွက်ပေးနေမှုများ သဘာဝဘေးဆိုင်ရာ သိဖွယ်ရာများ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ ကိစ္စရပ်များ၊ ကျောင်းများနှင့် ရပ်ရွာသန့်ရှင်းရေး သွေးလွန်တုပ်ကွေးကာကွယ်ရေး ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးရေး စိုက်ဘဏ် အကြွေးများ ပြန်လည်ပေးဆပ်နိုင်ရေး ပြောကြားခဲ့သည်။


ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသန်းဦးက ကျေးရွာသန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးကိစ္စများ၊ ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးနှင့် မှုခင်းကျဆင်းရေးများ ပြောကြား ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်မှ သဘာဝဘေး ကြိုတင်ကာကွယ်ရေးတို့အတွက် ​အသိပညာပေးပြောကြားခဲ့သည်။


ထို့နောက် တာဝန်ရှိသူများက  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကာ သက်ဆိုင် ရာဌာနမှ တာဝန်ရှိသူများက  မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး နောက် ကျေးရွာနေပြည်သူများက ကျေးရွာလိုအပ်ချက်များ ပြန်လည်တင်ပြလာမှုများအပေါ် တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)