မဟာအောင်မြေမြို့နယ်တွင် သင်ရိုးသစ် ဆင့်ပွားသင်တန်းတက်ရောက်နေသည့် (အ.ထ.က၊ အ.လ.က)ဆရာ၊ဆရာမများနှင့် တွေ့ဆုံ‌ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်တွင် သင်ရိုးသစ် ဆင့်ပွားသင်တန်းတက်ရောက်နေသည့် (အ.ထ.က၊ အ.လ.က)ဆရာ၊ဆရာမများနှင့် တွေ့ဆုံ‌ပွဲအခမ်းအနားကျင်းပ





MNP ၊ မေ  ၂၂

မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်တွင် သင်ရိုးသစ်ဆင့်ပွားသင်တန်းတက်ရောက်နေသည့် (အ.ထ.က၊အ.လ.က)ဆရာ၊ဆရာမများနှင့်တွေ့ဆုံ‌ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက သင်ရိုးသစ်ဆင့်ပွားသင်တန်းတက်ရောက်နေသည့် (အ.ထ.က၊အ.လ.က)ဆရာ၊ ဆရာမများအား အမှာစကားပြောကြားရာတွင် ဆရာ၊ ဆရာမများထက်တော်တဲ့ ကျောင်းသား/သူများ မွေးမြူနိုင်စေရန်၊ တပည့်တွေကို ကောင်းသောအကျင့်၊ ကောင်းသောစာရိတ္တ၊ ကောင်းသော အတွေးအခေါ် ရှိစေရန်၊ ဗုဒ္ဓရဲ့အဆုံးအမများအား ပြောပြနိုင်တဲ့ဆရာ၊ ဆရာမတွေဖြစ်ဖို့၊ ဒါမှသာလျှင် ယဉ်ကျေးလိမ္မာတဲ့လူသားတွေကို မွေးထုတ်နိုင်မည်ဖြစ်ကြောင်း၊ ကလေးတွေကို စာဖတ်တဲ့အကျင့်၊ အားကစားလုပ်တဲ့အကျင့်၊ အနုပညာခံစားတတ်သောအကျင့်၊ ပတ်ဝန်ကျင်းကို အပြုသဘောနဲ့ ဆောင်ရွက်တဲ့အကျင့်ကောင်းတွေရှိစေရန် ဆရာ၊ဆရာမများအနေဖြင့် သင်ကြားပေးစေလိုပါကြောင်းစသည်များ ပြောကြားပြီး သင်ရိုးသစ် ဆင့်ပွား သင်တန်းတက်ရောက်သည့် ဆရာ၊ ဆရာမများက ကျောင်းအပ်နှံသူဦးရေနှင့် ကျောင်းတက်သူဦး‌ ရေပိုမိုတိုးတက်ရေး ကျောင်းသား/သူများစဉ်ဆက်မပြတ်တန်းစဉ်ကူး‌ ပြောင်းနိုင်ရန်နှင့် စပ်လျဉ်းသည့် ဆွေးနွေးချက်များအား တက်ရောက်လာသည့် ဆရာတစ်ဦးက ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ၊ဆရာများအား တစ်ဦးလျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် (၁၈၉၀၀၀၀)ကျပ်အား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပြီး မန္တလေး တက္ကသိုလ်ကျောင်းအတွက် Keyboard တစ်လုံး လှူဒါန်းခဲ့‌ ကြောင်းသိရသည်။


အခမ်းအနားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ဒု-ပါမောက္ခချုပ် ဒေါက်တာမောင်မောင်ဝင်းနှင့် သင်ကြားစီမံဆရာ၊ဆရာမများ၊ သင်ရိုးသစ် ဆင့်ပွားသင်တန်းတက်ရောက်နေသည့် (အ.ထ.က၊အ.လ.က) ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်ဇော်မင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment