စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိ ပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိ ပညာပေးဟောပြောပွဲ ကျင်းပ






MNP ၊ မေ  ၂၂

     ကျေးရွာစာကြည့်တိုက်များရှင်သန် ခိုင်မာရေး၊ ကျေးလက်နေပြည်သူများ စာပေကိုစိတ်ဝင်စားပြီး စာပေကိုချစ်မြတ်နိုးလာစေရန်ရည်ရွယ်၍  အမ်းမြို့ နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့် အ သင်းဝင်များနှင့်ပူးပေါင်း၍ယနေ့နံနက် ၉ နာရီအချိန်က  ပျဉ်းတောကျေးရွာရှိ  ပညာအလင်းတံခါးစာကြည့်တိုက် သို့ သွားရောက်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင် ရွက်ခဲ့သည်။


     အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းနှင့်ဝန်ထမ်းများ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌဒေါ်ဇူလိုင်ထွေးနှင့်အသင်းဝင်များ၊ပျဉ်းတောကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာကြည့်တိုက်ကော်မတီဝင်များ၊စာပေမြတ်နိုးသူလူငယ်များတက်ရောက်ခဲ့သည်။


    ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းကကျေးရွာစာကြည့်တိုက်များ ရှင် သန်ခိုင်​ေစရေး၊ စာအုပ်စာစောင်တိုးပွါးရေး၊ စာဖတ်သူ တိုးပွားရေးနှင့် ကျေးရွာတိုင်း စာကြည့်တိုက်များ ပေါ်ထွန်းလာစေရေး၊ စာကြည့် တိုက်လုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် ကျောင်းသားကျောင်း သူလူငယ်များ ကျောင်းပြင်ပချိန်တွင်စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုစေရေးတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။


      ဆက်လက်၍  မြို့နယ်အမျိုးသမီးရေးရာဥက္ကဌဒေါ်ဇူလှိုင်ထွေးက လူကုန်ကူးမှုပတ်သက်၍ ဆောင်ရန်ရှောင်ရန် အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများကမေး မြန်းချက်များအပေါ် ရှင်းလင်းပြောကြားကာသတင်းစာ၊ဂျာနယ်များအားပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


    ဆက်လက်ပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလူငယ်အသိ ပညာပေးနံရံကပ်စာစောင်များအားစိတ် ဝင်တစား လေ့လာကြည့်ရှုကြရာမြို့နယ် ဦးစီးမှူး ဦးစန်းဝင်းက ရှင်းလင်းပြောကြားပေးခဲ့ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)