ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များအခမဲ့ငှါးရမ်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များအခမဲ့ငှါးရမ်းလျက်ရှိ






MNP ၊ မေ  ၂၂

ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဝန်ထမ်းများ က စာကြည့်တိုက်သို့် မလာရောက်နိုင်သည့်ဝန်ထမ်းများ စာပေများအလွယ်တကူလေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သို့သွားရောက်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။


အဆိုပါရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးလက်ရှိရာတွင် စာကြည့်တိုက်သို့ မလာ ရောက်နိုင်သည့်ဝန်ထမ်းများ အတွက် သုတ၊ရသစာအုပ်များ ၊ မဂ္ဂဇင်းစာအုပ်များနှင့် ဗဟုသုတ ရရှိစေမည့် စာအုပ်စာစောင် များ ငှါးရမ်းပေးခြင်းနှင့်ဖတ်ရှုပြီးစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းများကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)