မာန်အောင်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေးMobileLibraryစနစ်ဖြင့်စာဖတ်သူများလက်ဝယ်အရောက်စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေးMobileLibraryစနစ်ဖြင့်စာဖတ်သူများလက်ဝယ်အရောက်စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေး




MNP ၊ မေ  ၂၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးMobile Library စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်၁၁နာရီကမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊အော်တိုအိတ်ချိန်းရုံးဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။


      ထိုသို့ စာအုပ် စာစောင်များ(အခမဲ့)ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများကအလုပ်မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာဖတ် ပရိတ်သတ်ပြည်သူများအားအသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့်အလေ့အထကောင်းများရရှိစေရေး၊စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသ ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊အော်တိုအိတ်ချိန်းရုံး ဝန်ထမ်းများအား(အခမဲ့)ငှားရမ်းပေးခဲ့သည်။


   အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင်စာအုပ်၊စာစောင်အသစ်များဖြင့်အပတ်စဥ်လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)