ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းမိသားစုများ၏ သားသမီးများအတွက် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းမိသားစုများ၏ သားသမီးများအတွက် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်





MNP ၊ မေ ၁၆

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ထမ်းဆောင်နေ ကြသော ဝန်ထမ်းများမိသားစုများ၏ သားသမီးများအား ယဉ်ကျေးလိမ္မာပြီး ကိုယ်ကျင့်တရားကောင်း မွန်သည့်လူတော်လူကောင်းများဖြစ်လာစေရေး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာ သင်တန်းကို မေ ၁၆ ရက် နံနက် ၉ နာရီခွဲ က ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။


ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယဉ်ကျေးမှုကို မြန်မာအဘိဓာန် တွင် သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ် အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်း ဟု ဖွင့်ဆိုထားသည့်အတွက် ကိုးကွယ်ယုံ ကြည်ရာဘာသာတရားကို အခြေခံပြီး မြန်မာ့ယဉ်ကျေးမှု ဖြစ်တည်လာပါကြောင်း၊ သားသမီးတို့အနေ ဖြင့် ယဉ်ကျေးလိမ္မာမှုသည် ကိုယ်ကျင့်တရားဖြစ်ပြီး နေ့စဉ် လူနှင့် လူအချင်းချင်း ဆက်ဆံရာတွင် ကိုယ်ကျင့်တရားသည် အလွန်အရေးကြီးပါကြောင်း၊ ဒါ့အပြင် အမျိုးသားယဉ်ကျေးမှုကို ကမ္ဘာပြုနည်း ပရိယာယ်အတွင်း ကျဆင်းမသွားကြစေရန်နှင့် အမျိုးသားယဉ်ကျေးမှုခံကတုတ်ကို အဘက်ဘက်က ခိုင်မာတောင့်တင်းစေရေး တည်ဆောက်ထိန်းသိမ်းမြှင့်တင်သွားကြရန် လိုကြောင်း တိုက်တွန်းပြော ကြားသည်။


ထို့နောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဇနီး ဒေါ်လွင်လွင်မော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားမည့် ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာဆင့်ပွား သင်တန်းမှ သင်တန်းသား/သင်တန်းသူ (၅၄) ဦးတို့အတွက် သင်တန်းအထောက်အကူပြုပစ္စည်းများ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)