ဇေယျာသီရိမြို့နယ်၌ မေလ ၁၄ ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ အက်ကွဲခဲ့သည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်၌ မေလ ၁၄ ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ အက်ကွဲခဲ့သည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်း


MNP ၊ မေ  ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ မွန်းတည့်ခွင် (တောင်) ကျေးရွာ၌ မေလ ၁၄ ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ အက်ကွဲခဲ့သည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။


ခုတ်ထွင်ရှင်းလင်းရာတွင် ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် တာဝန်ရှိသူများက ရှင်းလင်းခြင်းဖြစ်ရာ “ကျွန်တော်တို့ဒီနေ့ကတော့ ကျွန်တော်တို့ကျေးရွာအုပ်စုအတွင်း လှည့်လည်ကြည့်ရှုပြီး ပြိုလဲနိုင်ပြီး အန္တရာယ်ရှိတဲ့ သစ်ပင်တွေကို လိုက်လံခုတ်ထွင်ရှင်းလင်းတာ ဖြစ်ပါတယ်၊ လဲပြီးသားအပင်တွေကတော့ ဖြစ်တဲ့နေ့ကတည်းက အချိန်နှင့်တစ်ပြေးညီရှင်းလင်းတာပါ၊ မလဲသေးပဲ ခုလိုကွဲအက်နေတာတွေက သေချာလိုက်ကြည့်မှ မြင်ရတာပါ၊ ခုလိုရှင်းလင်းတာကလည်း လမ်းသွားလမ်းလာခရီးသွားပြည်သူတွေ ထိခိုက်မှုမရှိအောင်၊ လူနေအိမ်နှင့် မီးကြိုးတွေထိခိုက်မှု မရှိအောင် လိုက်လံရှင်းလာတာပါ” ဟု ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း၏ ပြောပြချက်အရ သိရသည်။


ထွန်းလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment