စလင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ပြိုကျပျက်စီးချောင်းရေ တိုက်စားမှု များအား မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ပြိုကျပျက်စီးချောင်းရေ တိုက်စားမှု များအား မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှု




MNP ၊ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့ ညမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ပျက်ီးဆုံးရှုံးခဲ့မှုများကို မကွေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က လာရောက်ကြည့်ရှု၍ ရေဘေးရှောင်ပြည်သူများနှင့်‌တွေ့ဆုံ၍ ထောက်ပံ့ ရေးပစ္စည်းများပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


စလင်းမြို့နယ်တွင် မေလ(၁၃)ရက်နေ့ညမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ပြိုကျပျက်စီးဆုံးရှုံးမှုများအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း/ခရိုင် ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်သော အဖွဲ့သည် စလင်းမြို့နယ်၊ တောစိမ့်ကျေးရွာအုပ်စု၊ တောစိမ့်ကျေးရွာ မကွေး ဆေးတက္ကသိုလ်လက်အောက်ရှိ ကျန်းမာရေးဌာနခွဲရုံး ခြံစည်းရိုးအုတ်တံတိုင်း (၈) ပေခန်း အခန်း(၂၀) ပြိုကျပျက်စီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၁၀ နာရီအချိန်ခန့်တွင် ဆင်ဖြူကျွန်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ ရှင်ပင်ဘုန်းပွင့်ဓမ္မာရုံတွင် အမှတ်(၃)ရပ်ကွက်မှ ရေဘေးရှောင် အိမ်ထောင်စု (၅၀)စု ၊ လူဦးရေ (၁၄၉) ဦးတို့အား တစ်အိမ်ထောင်လျှင် ဆန်ရိက္ခာ(၃)ပြည်နှုန်း ၊ ရေသန့်(၁)လီတာ(၃)ဗူးနှုန်း ၊ ရေသန့်ဆေးပြား(၁)ပြားနှုန်းနှင့် ခေါက်ဆွဲခြောက်ထုပ်(၃)ထုပ် နှုန်း၊ ဆေးဝါးများနှင့် လတ်တစ်လော စားသောက်ဖွယ်ရာမုန့်များကို ဝန်ကြီးချုပ်နှင့်အဖွဲ့များ က ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့ တိုက်နယ်ဆေးရုံသို့သွားရောက်၍ ဆေးရုံအတွင်းရေဝင်ရောက်ခဲ့မှုများကြောင့် သဲနှုန်းများတင်ကျန်နေမှုကို ရှင်းလင်းဆောင်ရွက် နေသော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆေးရုံဝန်ထမ်းများ စုပေါင်းရှင်းလင်းဆောင် ရွက်နေမှုများနှင့် ခွဲစိပ်ဆောင်၊ ဓာတ်မှန်ခန်းရေဝင်ရောက်မှုနှင့် သန့်ရှင့်နေမှုများကို ကြည့်ရှုအားပေးစကားများပြောကြားခဲ့ပြီး ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ် တံတားပေါ်မှ ရေလွှမ်းမိုးမှုအခြေအနေနှင့် လူနေအိမ်များ ချောင်းရေ ဝင်ရောက်မှုများ၊  တညောင်_စလင်းကားလမ်းတစ်လျှောက် ရေဝင်ရောက်မှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)