သုံးခွမြို့နယ်တွင် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်တွင် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်


MNP ၊ မေ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre)ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ် စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေးရေးသားသည့် “လူ့ဘ၀ လူ့အဓိပ္ပါယ်နှင့် လူသာပဓာန”စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါစာဖတ်ဝိုင်းတွင် (Women Club)အဖွဲ့၀င် ဒေါ်စန်းစန်းမော်က" ဦးဆောင်ဆွေးနွေးသူအဖြစ် “လူသာအဓိက လူသာပဓာန” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ကြိုးစားက ဘုရားဖြစ်နိုင်သည်ဟူသော စကားမှာ ဘ၀ဟူသော သတ်မှတ်ချက်ကာလအတွင်း လူသာလျှင်အဓိကကျ‌ကြောင်း၊ လူဆိုတာ သတ္တဝါအားလုံးနဲ့မတူတဲ့ သတ္တဝါဖြစ်ပြီး တသီးတခြား ပုံစံတစ်မျိုးဖြင့် ခွဲထွက်လာခဲ့ပါကြောင်း ပြောကြားသည်။


ထို့နောက်(youth club)အဖွဲ့၀င် ‌မခင်နှင်း‌ဝေမှလည်း “လူ့မေတ္တာသည် အပြန်အလှန်ရှိ၍ လူ့သစ္စာသည် အခြံအရံရှိသည်"ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မေတ္တာဆိုတာ အလျားအနံမရှိပေမယ့် အသွားအပြန်ရှိတယ်ဆိုတာ တကယ်ဖြစ် ပါကြောင်း၊ စစ်မှန်တဲ့မေတ္တာထားရင် မေတ္တာပြန်ရပါကြောင်း၊မေတ္တာတန်ဖိုးကို မသိတဲ့ ငါတကောကောနေတဲ့သူတောင်မှ အခြားကိစ္စနဲ့ အခြားလူနဲ့ နှိုင်းယှဉ်ထိ တွေ့လာတဲ့အခါမှာ မေတ္တာသမားရဲ့ တန်းဖိုးကိုသိလာမှာဖြစ်ပါကြောင်းစသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ (Book  club)အဖွဲ့၀င် မောင်ကောင်းခန့်က “လူ့ဘောင်ဘ၀ ရေစီးကြောင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ယခုခေတ်တိုးတတ်လာပြီဖြစ်တဲ့ အခြေအနေတွေဟာ ကမ္ဘာပေါ်မှာ တစ်သုတ်ပြီး တစ်သုတ်ဖြစ်၍ ပျက်စီးခြင်း ရှိခဲ့ကြပေမယ် အဲ့သည်အခါမှာ ပျက်စီးလွယ်တဲ့ အတတ်ပညာတွေ သိပ္ပံပညာရပ်တွေ၊ ကျမ်းစာအုပ်တွေ စက်ကိရိယာတွေ၊ အနုမြူဓာတ်ကိရိယာတွေအားလုံး အကြွင်းမဲ့ ပျက်စီးသွားခဲ့တာတွေလည်းရှိပါကြောင်း စသည့် စာအုပ်ပါအကြောင်းအရာများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ယင်းနောက် စာဖတ်‌ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်သူများမှလည်း စာအုပ်ပါအကြောင်းအရာများကို အချင်းချင်းဆွေးနွေးဖလှယ်ခဲ့ကြသည်။ သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လစဉ်၊ အပတ်စဉ် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးအတွက် စာဖတ်ဝိုင်းများကို Club အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စည်သူလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)